bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 10 › ဝတ်ပြုရာကျမ်း 10:13
ဝတ်ပြုရာကျမ်း 10:13
ထိုမုန့်ကိုသန့်ရှင်းရာဌာနတွင်စားရမည်။ ထိုမုန့်သည်ထာဝရဘုရားအားပူဇော် သောပူဇော်သကာထဲမှ သင်နှင့်သင်၏သား တို့ရသောဝေစုဖြစ်သည်။ ဤပညတ်သည် ထာဝရဘုရားကငါ့အားဆင့်ဆိုသော ပညတ်ဖြစ်သည်။-
Common Language Bible
In The King James Version
And ye shall eat it in the holy place, because it is thy due, and thy sons’ due, of the sacrifices of the LORD made by fire: for so I am commanded.
In Context
12မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
14သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
Read all of ဝတ်ပြုရာကျမ်း 10
Cross References
Leviticus 6:16ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
Numbers 18:10သကာများကိုသန့်ရှင်းသောဌာနတွင်စားရ မည်။ အမျိုးသားများသာလျှင်စားရမည်။ ထို အစာသည်သန့်ရှင်းသောအစာဖြစ်၏။
This Verse In Other Editions
Study ဝတ်ပြုရာကျမ်း 10:13