The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 6 › ဝတ်ပြုရာကျမ်း 6:16

ဝတ်ပြုရာကျမ်း 6:16

ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-

Common Language Bible

In The King James Version

And the remainder thereof shall Aaron and his sons eat: with unleavened bread shall it be eaten in the holy place; in the court of the tabernacle of the congregation they shall eat it.

In Context

15ဘော​ဇဉ်​သ​ကာ​အား​လုံး​ကို​ပူ​ဇော်​သည့် အ​ထိမ်း​အ​မှတ်​အ​ဖြစ် ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​လက်​တစ်​ဆုပ်၊ ဆီ​အ​နည်း​ငယ်​နှင့် တ​ကွ​အ​မွှေး​အ​ကြိုင်​ကို​ယူ​၍ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ဘော​ဇဉ် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။-

Read all of ဝတ်ပြုရာကျမ်း 6

Cross References

Leviticus 2:3ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။

Leviticus 5:13ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။ ဘော​ဇဉ် သ​ကာ​ပူ​ဇော်​သည့်​နည်း​ကဲ့​သို့​ကျန်​သော မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​သုံး​ဆောင် ရန်​အ​တွက်​ဖြစ်​သည်။

Leviticus 6:26ထို​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ကောင် ၏​အ​သား​ကို​စား​ရ​မည်။-

Numbers 18:9မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-

Ezekiel 44:29ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-

1 Corinthians 9:13ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 6:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 6:15ဝတ်ပြုရာကျမ်း 6ဝတ်ပြုရာကျမ်း 6:17 →