ဝတ်ပြုရာကျမ်း 11:8
သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။
Common Language Bible
In The King James Version
Of their flesh shall ye not eat, and their carcase shall ye not touch; they are unclean to you.
In Context
9သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
Cross References
Leviticus 5:2တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။
Hosea 9:3ဧဖရိမ်ပြည်သားတို့သည်ထာဝရဘုရား ၏ပြည်တွင်မနေရတော့ဘဲအီဂျစ်ပြည် သို့ပြန်ရကြမည်။ အာရှုရိပြည်တွင်လည်း တားမြစ်ထားသောအစားအစာကိုစား ကြရမည်။-
Matthew 15:20ဤအရာများသည်လူကိုညစ်ညမ်းစေကြ၏။ လက်မဆေးဘဲအစားအစာစားခြင်းကလူ ကိုညစ်ညမ်းစေသည်မဟုတ်'' ဟုမိန့်တော်မူ၏။
Mark 7:15လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
Acts 10:10သူသည်ဆာလောင်မွတ်သိပ်သဖြင့်အစား အစာကိုတောင့်တ၏။ သူ၏အတွက်အစား အစာများပြင်ဆင်နေကြစဉ်သူသည်ဗျာ ဒိတ်ရူပါရုံကိုမြင်ရလေသည်။-
Acts 15:29လည်ညှစ်သားကိုမစားနှင့်။ ကာမဂုဏ်လိုက်စား မှုကိုမပြုနှင့်ဟူသောပညတ်များမှတစ်ပါး အခြားသောဝန်ကိုသင်တို့အပေါ်မတင်ရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်ကျွန်ုပ်တို့သဘော တူကြပါ၏။ ဤအရာများကိုရှောင်ကြဉ်ကြ ပါက သင်တို့အတွက်လုံလောက်ပေပြီ။ ကျန်း မာရွှင်လန်းကြပါစေ'' ဟုဖော်ပြပါရှိလေ သည်။