ဝတ်ပြုရာကျမ်း 13:6
တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 11:40ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။
Leviticus 14:8ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
1 Kings 8:38သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားအချို့တို့သည်လှိုက်လှဲစွာဝမ်းနည်း လျက် ဤဗိမာန်တော်ဘက်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြုလျှင်၊-
Psalms 19:12အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။
Ecclesiastes 7:20အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။