ဝတ်ပြုရာကျမ်း 14:7
ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 4:6သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေးကို ကန့်လန့်ကာတော်ရှေ့တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
Leviticus 8:11ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
Leviticus 13:17ယဇ်ပုရောဟိတ်သည်သူ့ကိုတစ်ဖန်စစ်ဆေး ရမည်။ အနာသည်ပြန်၍ဖြူလာလျှင် သူသည် ဘာသာရေးထုံးနည်းအရစင်ကြယ်၏။ ယဇ် ပုရောဟိတ်သည်လည်းသူ့အားစင်ကြယ် သည်ဟုအဆုံးအဖြတ်ပေးရမည်။
Leviticus 16:14သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
Leviticus 16:22ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
Numbers 19:18အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-