ဝတ်ပြုရာကျမ်း 19:9
``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 23:22ကောက်ရိတ်သည့်အခါလယ်ကွက်အနားတစ် လျှောက်ရှိကောက်ပင်များကိုမရိတ်နှင့်၊ ကျန် ကြွင်းသောကောက်နှံများကိုပြန်ကျော့၍မ ရိတ်ရ။ ထိုကောက်ပင်အကျန်အကြွင်းများ ကိုဆင်းရဲသားနှင့်လူမျိုးခြားတို့အတွက် ချန်ထားရမည်။ ထာဝရဘုရားသည် သင်တို့ ၏ဘုရားသခင်ဖြစ်တော်မူ၏။
Deuteronomy 24:19``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-
Ruth 2:2ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊ နောမိကလည်း``ငါ့သမီး၊ သွားလေတော့'' ဟုပြန်ပြော၏။
Ruth 2:15ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။-