ဝတ်ပြုရာကျမ်း 2:1
တစ်စုံတစ်ယောက်သည်ထာဝရဘုရားအား ဘောဇဉ်ပူဇော်လိုလျှင်မုန့်ညက်ကိုပူဇော်ရ မည်။ မုန့်ညက်တွင်သံလွင်ဆီနှင့်အမွှေးနံ့ သာလောင်းထည့်၍၊-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 2:4မီးဖိုတွင်ဖုတ်သောမုန့်ကိုပူဇော်သောအခါ မုန့်တွင်တဆေးမပါစေရ။ မုန့်ညက်နှင့်သံ လွင်ဆီရော၍ပြုလုပ်သောမုန့်လုံးကိုဖြစ် စေ၊ သံလွင်ဆီသုတ်သောမုန့်ကြွပ်ပြားကို ဖြစ်စေပူဇော်နိုင်သည်။
Leviticus 5:11သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
Leviticus 6:14ဘောဇဉ်သကာဆိုင်ရာပြဋ္ဌာန်းချက်များ မှာအောက်ပါအတိုင်းဖြစ်သည်။ အာရုန်၏ အဆက်အနွယ်ယဇ်ပုရောဟိတ်သည် ယဇ် ပလ္လင်ရှေ့တွင်ထာဝရဘုရားအားဘောဇဉ် သကာကိုပူဇော်ရမည်။-
Leviticus 7:10သို့ရာတွင်မဖုတ်မကင်ရသေးသောဘောဇဉ် သကာသည် ဆီနှင့်ရောပြီးသည်ဖြစ်စေ၊ ဆီ နှင့်မရောရသေးသည်ဖြစ်စေ၊ အာရုန်၏ အမျိုးအနွယ်ယဇ်ပုရောဟိတ်အားလုံးတို့ နှင့်ဆိုင်သဖြင့် အညီအမျှဝေယူစေရ မည်။
Leviticus 9:17ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)
Leviticus 24:7ထာဝရဘုရားအားဆက်သသည့်ပူဇော်သကာ အထိမ်းအမှတ်အဖြစ်မုန့်လုံးတစ်တန်းစီပေါ် တွင်နံ့သာအစစ်ကိုတင်လော့။-