ဝတ်ပြုရာကျမ်း 20:3
မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
Common Language Bible
In The King James Version
In Context
4အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊-
Cross References
Leviticus 7:20မသန့်ရှင်းသူကထိုအသားကိုစားလျှင် ထာဝရဘုရား၏လူမျိုးတော်မှပယ် ထုတ်ခြင်းခံရမည်။-
Leviticus 15:31ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။
Leviticus 18:21သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
Leviticus 21:6သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။-
Ezekiel 5:11အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
Ezekiel 23:38သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-