ဝတ်ပြုရာကျမ်း 26:39
ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။
Common Language Bible
In The King James Version
In Context
38သင်တို့သည်နိုင်ငံရပ်ခြားတွင်သေကျေ ပျက်စီးရလိမ့်မည်။-
Cross References
Exodus 34:7ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Deuteronomy 5:9ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
Deuteronomy 28:65သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
2 Chronicles 34:24ထာဝရဘုရားထံမှဗျာဒိတ်တော်ကိုပြန် ကြားစေ၏။ ဗျာဒိတ်တော်မှာ``မင်းကြီးအား ဖတ်ပြသည့်ကျမ်းတွင်ရေးသားပါရှိသည့် ကျိန်စာများအတိုင်း ယေရုရှလင်မြို့နှင့် တကွမြို့သူမြို့သားအပေါင်းကိုငါ သုတ်သင်ဖျက်ဆီးတော်မူမည်။-
Nehemiah 1:9သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ပြီးငါ၏အမိန့်တော်ကိုလိုက်နာကြလျှင် ကမ္ဘာမြေကြီးအစွန်အဖျားသို့ပင်ကွဲလွင့် လျက်နေစေကာမူ သင်တို့ကိုငါ့အားဝတ် ပြုကိုးကွယ်ရန် ရွေးချယ်သတ်မှတ်ထားသည့် ဌာနတော်သို့ပြန်လည်ပို့ဆောင်တော်မူ မည်။''
Jeremiah 3:25အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။