ဝတ်ပြုရာကျမ်း 3:1
တစ်စုံတစ်ယောက်သည် မိမိ၏နွားတစ်ကောင် ကိုမိတ်သဟာယယဇ်အဖြစ်ပူဇော်လိုလျှင် ထိုနွားသည်အပြစ်အနာကင်းသောနွားထီး သို့မဟုတ်နွားမဖြစ်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 24:5ထိုနောက်သူသည်ဣသရေလအမျိုးသားလူ ငယ်တို့ကိုခိုင်းစေသဖြင့်၊ သူတို့သည်နွားများ ကိုသတ်၍ထာဝရဘုရားအားမီးရှို့သော ယဇ်၊ မိတ်သဟာယယဇ်ကိုပူဇော်လေ၏။-
Leviticus 1:3နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
Leviticus 7:11ထာဝရဘုရားအားပူဇော်သောမိတ်သဟာ ယယဇ်နှင့်ဆိုင်ရာပြဋ္ဌာန်းချက်များသည် ကား အောက်ပါအတိုင်းဖြစ်သည်။-
Leviticus 17:5ဤပညတ်၏ရည်ရွယ်ချက်မှာဣသရေလ အမျိုးသားတို့သည် ယခင်ကတိရစ္ဆာန်များကို ကွင်းပြင်၌သတ်ခဲ့သော်လည်း ယခုထာဝရ ဘုရားရှေ့တော်၌သတ်စေရန်ဖြစ်သည်။ သူ တို့သည်တိရစ္ဆာန်များကို ယဇ်ပုရောဟိတ်ထံ တဲတော်တံခါးဝသို့ယူဆောင်ခဲ့ပြီးလျှင် မိတ်သဟာယယဇ်အဖြစ်သတ်၍ပူဇော် ရမည်။-
Leviticus 22:21တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-