ဝတ်ပြုရာကျမ်း 3:16
ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:13ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
Leviticus 3:3ထို့နောက်နွား၏ဝမ်းတွင်းသားများရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကိုထာ ဝရဘုရားအားပူဇော်ရမည်။-
Leviticus 3:14ထို့နောက်ဝမ်းတွင်းသားများမှရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကို ထာဝရဘုရားအားဆက်ကပ်ရမည်။-
Leviticus 4:26ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
Leviticus 9:24ထို့နောက်ထာဝရဘုရားသည်မီးလျှံကို ရုတ်တရက်ကျရောက်စေပြီးလျှင် ယဇ်ပလ္လင် ပေါ်ရှိမီးရှို့ရာယဇ်ကောင်နှင့်အဆီများကို လောင်ကျွမ်းစေသည်။ လူအပေါင်းတို့သည် ထို အခြင်းအရာကိုမြင်ကြသောအခါကြွေး ကြော်၍ပျပ်ဝပ်ကြ၏။