ဝတ်ပြုရာကျမ်း 4:19
ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။-
Common Language Bible
In The King James Version
And he shall take all his fat from him, and burn it upon the altar.
In Context
Cross References
Leviticus 4:8ထိုနောက်သူသည်နွားအထီး၏ရှိသမျှ ဝမ်းတွင်းသားမှအဆီ၊-
Leviticus 4:31ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
Leviticus 5:6အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။
Leviticus 12:8မိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။
Numbers 15:25ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-
Hebrews 1:3သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။