ဝတ်ပြုရာကျမ်း 4:35
ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 4:20သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
Leviticus 4:30ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းရမည်။-
Leviticus 5:10ဒုတိယငှက်ကိုပြဋ္ဌာန်းချက်များအရ မီးရှို့ပူဇော်ရမည်။ ထိုနည်းအားဖြင့်ယဇ် ပုရောဟိတ်သည် ထိုသူ၏အပြစ်ကိုဖြေရန် ယဇ်ပူဇော်ရမည်။ ထိုသူသည်လည်းအပြစ် လွတ်လိမ့်မည်။
Leviticus 6:7ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
Leviticus 12:8မိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။
Leviticus 14:53ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။