ဝတ်ပြုရာကျမ်း 6:7
ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:7ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Leviticus 4:20သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
Leviticus 4:31ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
Leviticus 5:13ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထို သူအတွက်အပြစ်ဖြေရာယဇ်ပူဇော်သဖြင့် ထိုသူသည်အပြစ်လွတ်လိမ့်မည်။ ဘောဇဉ် သကာပူဇော်သည့်နည်းကဲ့သို့ကျန်သော မုန့်ညက်သည် ယဇ်ပုရောဟိတ်သုံးဆောင် ရန်အတွက်ဖြစ်သည်။
Leviticus 5:18သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။-
Ezekiel 18:21``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-