ဝတ်ပြုရာကျမ်း 7:18
အသားအကြွင်းအကျန်ကိုတတိယနေ့၌ စားလျှင် ဘုရားသခင်သည်ထိုသူပူဇော်သော ယဇ်ကိုလက်ခံတော်မူမည်မဟုတ်။ ပူဇော်သော သူသည်လည်းအကျိုးကိုမခံရ။ ထိုယဇ်သည် မစင်ကြယ်သဖြင့် အသားကိုစားသောသူ၌ အပြစ်ရောက်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
17သို့ရာတွင်တတိယနေ့သို့တိုင်အောင် ကျန် နေသေးသောအသားကိုမူကားမီးရှို့ပစ် ရမည်။-
Cross References
Leviticus 5:17တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏ ပညတ်တော်တစ်ပါးပါးကိုအမှတ်မထင် ချိုးဖောက်မိလျှင် သူသည်အပြစ်ကူးလွန် သဖြင့်အပြစ်ဒဏ်ကိုပေးဆောင်ရမည်။-
Leviticus 10:19ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-
Leviticus 11:41မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။-
Leviticus 19:5``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
Leviticus 20:17တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-