ဝတ်ပြုရာကျမ်း 7:19
ဘာသာရေးထုံးနည်းအရမစင်ကြယ်သော အရာတစ်စုံတစ်ခုနှင့် ထိမိသောအသား ကိုမစားရ။ ၎င်းကိုမီးရှို့ပစ်ရမည်။ ဘာသာရေးထုံးနည်းအရသန့်ရှင်းသောသူ သည် မိတ်သဟာယယဇ်ကောင်၏အသားကို စားနိုင်သည်။-
Common Language Bible
In The King James Version
In Context
20မသန့်ရှင်းသူကထိုအသားကိုစားလျှင် ထာဝရဘုရား၏လူမျိုးတော်မှပယ် ထုတ်ခြင်းခံရမည်။-
Cross References
Numbers 19:11လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။-
Acts 10:15ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။-
Romans 14:14အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။-
2 Corinthians 6:17သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။