ဝတ်ပြုရာကျမ်း 7:7
အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
Common Language Bible
In The King James Version
In Context
8မီးရှို့ရာယဇ်ကောင်၏သားရေသည် ယဇ်ပူဇော် သောယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။-
Cross References
Leviticus 2:3ကျန်သောဘောဇဉ်သကာသည် ယဇ်ပုရောဟိတ် များသုံးဆောင်ရန်အတွက်ဖြစ်စေရမည်။ ထို ဘောဇဉ်သည်ထာဝရဘုရားအား ပူဇော်ပြီး သောဘောဇဉ်သကာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်များသာသုံးဆောင်ရမည်။ အလွန်သန့်ရှင်း သည်။
Numbers 5:8အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
2 Kings 12:17ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-