ဝတ်ပြုရာကျမ်း 2:3
ကျန်သောဘောဇဉ်သကာသည် ယဇ်ပုရောဟိတ် များသုံးဆောင်ရန်အတွက်ဖြစ်စေရမည်။ ထို ဘောဇဉ်သည်ထာဝရဘုရားအား ပူဇော်ပြီး သောဘောဇဉ်သကာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်များသာသုံးဆောင်ရမည်။ အလွန်သန့်ရှင်း သည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:37ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
Leviticus 5:13ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထို သူအတွက်အပြစ်ဖြေရာယဇ်ပူဇော်သဖြင့် ထိုသူသည်အပြစ်လွတ်လိမ့်မည်။ ဘောဇဉ် သကာပူဇော်သည့်နည်းကဲ့သို့ကျန်သော မုန့်ညက်သည် ယဇ်ပုရောဟိတ်သုံးဆောင် ရန်အတွက်ဖြစ်သည်။
Leviticus 6:16ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
Leviticus 7:7အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
Leviticus 10:12မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
Leviticus 14:13သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-