ဝတ်ပြုရာကျမ်း 9:22
အာရုန်သည်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာ ယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်သည့် အမှုကိစ္စအားလုံးကိုဆောင်ရွက်ပြီးစီး သောအခါ မိမိ၏လက်များကိုမြှောက် လျက်လူတို့အားကောင်းချီးပေးပြီးလျှင် ယဇ်ပလ္လင်ပေါ်မှဆင်းလာလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 39:43မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
Deuteronomy 10:8တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
1 Kings 8:55ထိုနေရာတွင်စုဝေးလျက်နေကြသောလူအပေါင်း တို့အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ ကိုအသံကျယ်စွာတောင်းခံတော်မူ၏။-
2 Chronicles 6:3ဣသရေလပြည်သူအပေါင်းတို့သည်ထိုနေရာ တွင်ရပ်လျက်နေကြ၏။ မင်းကြီးသည်သူတို့ ဘက်သို့မျက်နှာမူပြီးလျှင် သူတို့အားဘုရားသခင်ကောင်းချီးပေးရန်တောင်းလျှောက်တော် မူ၏။-
Mark 10:16ထိုနောက်ကိုယ်တော်သည်ကလေးသူငယ်တို့ ကိုချီပွေ့တော်မူလျက် သူတို့အပေါ်တွင်လက် တော်ကိုတင်၍ကောင်းချီးပေးတော်မူ၏။
Acts 3:26သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။