ရှင်လုကာခရစ်ဝင် 14:13
သို့ဖြစ်၍ကျွေးမွေးဧည့်ခံပွဲကိုကျင်းပ သောအခါဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုဖိတ်ခေါ် လော့။-
Common Language Bible
In The King James Version
But when thou makest a feast, call the poor, the maimed, the lame, the blind:
In Context
Read all of ရှင်လုကာခရစ်ဝင် 14
Cross References
Deuteronomy 16:11သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
Deuteronomy 26:12``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-
2 Chronicles 30:24ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။-
Nehemiah 8:12သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။
Job 29:15မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။
Proverbs 3:9သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။