ရှင်လုကာခရစ်ဝင် 16:13
``အဘယ်အစေခံမျှသခင်နှစ်ဦး၏အစေ ကိုမခံနိုင်။ သူသည်သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ တစ်ဦးကိုသစ္စာရှိ၍တစ်ဦး ကိုမလေးမခန့်ပြုမည်။ သင်တို့သည်တစ်ချိန် တည်းမှာပင်ဘုရားသခင်၏အစေနှင့်လောက စည်းစိမ်ချမ်းသာ၏အစေကိုမခံနိုင်ကြ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Matthew 4:10ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
Luke 9:50သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။
Luke 14:26``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
Romans 6:16လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-
James 4:4သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-