ရှင်လုကာခရစ်ဝင် 16:29
အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
Common Language Bible
In The King James Version
Abraham saith unto him, They have Moses and the prophets; let them hear them.
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Isaiah 34:16သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။-
Luke 4:17တရားဇရပ်မှူးသည်ပရောဖက်ဟေရှာယကျမ်း ကိုကိုယ်တော်အားလှမ်း၍ပေး၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်၍၊
Luke 24:27ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
John 5:47သို့ရာတွင်သင်တို့သည်မောရှေရေးသား ဖော်ပြချက်များကိုမယုံကြသဖြင့် အဘယ် သို့လျှင်ငါ၏စကားကိုယုံနိုင်ကြမည်နည်း'' ဟုမိန့်တော်မူ၏။
Acts 17:11ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
2 Peter 1:19သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-