ရှင်လုကာခရစ်ဝင် 19:5
ကိုယ်တော်သည်ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် ``ဇက္ခဲ၊ အမြန်ဆင်း ခဲ့လော့။ ယနေ့သင်၏အိမ်တွင်ငါတည်းခိုမည်'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
6ဇက္ခဲသည်သစ်ပင်ပေါ်မှအမြန်ဆင်း၍ ကိုယ်တော်အားဝမ်းမြောက်စွာကြိုဆို၏။-
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
Genesis 19:1ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
Psalms 139:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စစ်ဆေးကြည့်ရှုတော်မူပြီးဖြစ်၍ကျွန်တော် မျိုး၏ အကြောင်းကိုသိတော်မူပါ၏။
Ezekiel 16:6``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။-
John 1:48နာသနေလက ``ကိုယ်တော်ရှင်သည်အဘယ်သို့ အကျွန်ုပ်ကိုသိရှိပါသနည်း'' ဟုမေးလျှောက် ၏။ သခင်ယေရှုက ``သင့်အားဖိလိပ္ပုမခေါ်မီ သဖန်းပင်အောက်တွင်ရှိနေစဉ်အခါကပင် လျှင် သင့်ကိုငါမြင်၏'' ဟုမိန့်တော်မူ၏။
John 14:23သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
Ephesians 3:17သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-