ရှင်လုကာခရစ်ဝင် 2:35
မိမိတို့၏စိတ်နှလုံးအကြံအစည်များကို ပေါ်လွင်စေကြလိမ့်မည်။ သင်၏အသည်းနှလုံး သည်သန်လျက်ဖြင့်အခွင်းခံရသကဲ့သို့ဖြစ် လိမ့်မည်'' ဟုမယ်တော်မာရိအားမြွက်ဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Judges 5:15ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
Matthew 12:24ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
John 8:42သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
John 19:25ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
1 Corinthians 11:19(သင်တို့တွင်စိတ်ဝမ်းကွဲပြားမှုကားရှိရ သည်မှန်၏။ သို့ရှိမှသာလျှင်အမှန်ဘက်တွင် ရှိသောသူများကိုပေါ်လွင်ထင်ရှားစေမည်။-)