ရှင်လုကာခရစ်ဝင် 2:4
ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
Common Language Bible
In The King James Version
In Context
3လူအပေါင်းတို့သည် မှတ်ပုံတင်ရန်မိမိတို့ မြို့ရွာသို့သွားကြ၏။
Cross References
Genesis 35:19ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။-
Ruth 1:19သူတို့သည်ဗက်လင်မြို့သို့ရောက်သည်တိုင် အောင် ဆက်လက်သွားကြ၏။ သူတို့ရောက်ရှိ ကြသောအခါ တစ်မြို့လုံးလှုပ်လှုပ်ရှားရှား ဖြစ်လျက်အမျိုးသမီးများက``ဤသူ သည်အကယ်ပင်နောမိပေလော'' ဟုမေး မြန်းကြ၏။
Ruth 4:11မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
1 Samuel 16:4ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။
1 Samuel 17:58ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊ ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။