ရှင်လုကာခရစ်ဝင် 3:14
စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:1``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
Matthew 8:5ကပေရနောင်မြို့ကိုကိုယ်တော်ဝင်တော်မူသော အခါ ရောမစစ်ဗိုလ်တစ်ယောက်သည်အထံတော် သို့လာ၍၊-
Acts 10:7ထိုကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် မိမိ၏အစေခံနှစ်ယောက်နှင့် ဘုရားဝတ်၌မွေ့လျော်သောအပါးတော်မြဲ စစ်သားတစ်ယောက်ကိုခေါ်ကာ၊-
Philippians 2:15သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
1 Timothy 6:8သို့ဖြစ်၍ငါတို့တွင်စားစရာဝတ်စရာရှိ လျှင်ရောင့်ရဲကြကုန်အံ့။-
Hebrews 13:5သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-