ရှင်လုကာခရစ်ဝင် 4:16
ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Matthew 13:54မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။-
Luke 1:26ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။-
Luke 2:42သူငယ်တော်သည်အသက်တစ်ဆယ့်နှစ်နှစ် ရှိသောအခါ၌လည်း ယေရုရှလင်မြို့သို့ သွားကြ၏။-
Luke 4:15ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။
John 18:20သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-
Acts 17:2ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-