ရှင်လုကာခရစ်ဝင် 4:2
ထိုနေ့ရက်များအတွင်းမည်သည့်အစားအစာ ကိုမျှသုံးဆောင်တော်မမူ။ ထိုနေ့ရက်များ ကုန်လွန်သွားသောအခါကိုယ်တော်သည် မွတ်သိပ်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 3:15သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Exodus 34:28မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
Deuteronomy 9:18သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-
1 Samuel 17:16ဂေါလျတ်သည်ဣသရေလအမျိုးသားတို့ အား တစ်ဦးချင်းစစ်ထိုးရန်နံနက်တစ်ခါ၊ ညတစ်ခါအရက်လေးဆယ်တိုင်တိုင်စိန် ခေါ်လေသည်။
Esther 4:16``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
Matthew 4:2ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-