ရှင်လုကာခရစ်ဝင် 4:40
နေဝင်ချိန်၌ရောဂါအမျိုးမျိုးစွဲကပ်သူ အပေါင်းတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ ကြ၏။ ကိုယ်တော်သည်ထိုလူနာအသီးသီး တို့အပေါ်မှာ လက်တော်ကိုတင်၍သူတို့၏ ရောဂါများကိုပျောက်ကင်းစေတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 4:23ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
Matthew 11:5မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
Mark 1:32နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
Mark 5:23သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
Mark 6:55ပတ်ဝန်းကျင်အရပ်ရပ်သို့ပြေး၍ လူနာများ ကိုထမ်းစင်များနှင့်ဆောင်ခဲ့ကြ၏။-
Acts 5:15လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-