ရှင်လုကာခရစ်ဝင် 5:21
ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
1 Kings 21:10ထိုနောက်သူ့ကိုမျက်နှာပြောင်တိုက်၍`ဤသူသည် ဘုရားသခင်နှင့်ဘုရင်မင်းမြတ်အားပုတ်ခတ် ပြောဆိုသူဖြစ်ပါသည်' ဟုမသမာသူလူနှစ် ယောက်ကိုပြစ်တင်စွပ်စွဲခိုင်းကြလော့။ ထို့နောက် သူ့အားမြို့ပြင်သို့ထုတ်၍ခဲနှင့်ပေါက်သတ်ကြ လော့'' ဟူသတည်း။
Psalms 35:5ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
Psalms 130:4သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
Isaiah 43:25သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
Daniel 9:9အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။-