ရှင်လုကာခရစ်ဝင် 6:37
``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
36သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။
Cross References
Matthew 5:7``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။
Matthew 7:1``သူတစ်ပါးအားမစစ်ကြောမစီရင်ကြနှင့်။ သို့ မှသာဘုရားသခင်သည်သင်တို့ကိုစစ်ကြော စီရင်တော်မူမည်မဟုတ်။-
Matthew 18:34မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။''
Luke 17:3သို့ဖြစ်၍သတိထားလျက်ပြုမူကြလော့။ ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင် သူအားဆုံးမလော့။ သူသည်နောင်တရလျှင် အပြစ်ဖြေလွှတ်လော့။-
Romans 14:3မည်သည့်အစားအစာကိုမဆိုစားတတ်သော သူသည် ထိုသို့မစားတတ်သူအားအထင်မသေး နှင့်။ ဟင်းသီးဟင်းရွက်သာစားတတ်သူကလည်း မည်သည့်အစားအစာကိုမဆိုစားတတ်သူ ကိုပြစ်တင်ဝေဖန်မှုမပြုနှင့်။ အဘယ်ကြောင့် ဆိုသော်မည်သည့်အစားအစာကိုမဆိုစား တတ်သူအား ဘုရားသခင်လက်ခံတော်မူ ပြီးဖြစ်သောကြောင့်တည်း။-
1 Corinthians 4:3ငါ့အားသင်တို့အားဖြင့်ဖြစ်စေ၊ လူ့စံနှုန်းအား ဖြင့်ဖြစ်စေအစစ်ခံရလျှင်ငါသည်အမှု မထား။ ငါသည်မိမိကိုယ်ကိုပင်လျှင်မစစ် ကြောမစီရင်ပြီ။-