ရှင်လုကာခရစ်ဝင် 6:7
ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 38:12ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
Jeremiah 20:10ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
Mark 3:2ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။-
Luke 13:14ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
Luke 20:20ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။-
John 9:16အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။