ရှင်မာကုခရစ်ဝင် 3:2
ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။-
Common Language Bible
In The King James Version
And they watched him, whether he would heal him on the sabbath day; that they might accuse him.
In Context
3ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။-
Cross References
Isaiah 29:20သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
Daniel 6:4ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-
Luke 6:7ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
Luke 14:1ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။-
John 9:16အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။