ရှင်လုကာခရစ်ဝင် 7:22
ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 146:8မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
Isaiah 32:3သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။-
Isaiah 42:6``ငါထာဝရဘုရားသည်သင့်ကိုခေါ်ယူ၍ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတမှုကို ကျင့်သုံးစေရန် တန်ခိုးကိုပေးတော်မူပြီ။ သင့်အားဖြင့်ငါသည်လူများနှင့်ပဋိညာဉ် ပြုလျက် နိုင်ငံများအပေါ်သို့အလင်းကိုဆောင်စေ မည်။
Isaiah 43:8ဘုရားသခင်က ``ငါ၏လူမျိုးတော်ကိုတရားရုံးတော်သို့ ဆင့်ခေါ်ကြလော့။ သူတို့သည်မျက်စိရှိလျက်နှင့်မမြင်ကြ။ နားရှိလျက်နှင့်မကြားကြပါတကား။
Jeremiah 31:8ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။ သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန် နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။ သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
Matthew 9:28ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။