ရှင်မဿဲခရစ်ဝင် 9:28
ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 8:2ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
Matthew 9:22သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။
Matthew 13:58ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။
John 4:48သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
John 11:40သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။-