ရှင်လုကာခရစ်ဝင် 7:38
သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Judges 2:4ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။-
Psalms 6:6ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
Psalms 51:17အို ဘုရားသခင်၊ ကျွန်တော်မျိုးပူဇော်သောယဇ်သည်နှိမ့်ချသော စိတ်နှလုံးပင်ဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်နှိမ့်ချ၍နောင်တရသော စိတ်နှလုံးကိုပစ်ပယ်တော်မူမည်မဟုတ်ပါ။
Ecclesiastes 9:8သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။
Isaiah 57:9သင်တို့သည်ဆီမွှေးနှင့်နံ့သာများကို လိမ်းကျံလျက် မောလုပ်ဘုရားကိုဝတ်ပြု ကိုးကွယ်ရန်သွားရောက်ကြ၏။ ရပ်နီးရပ်ဝေး နှင့်မရဏာနိုင်ငံသို့တိုင်အောင်ပင် သံတမန် များစေလွှတ်၍ဘုရားများကိုရှာဖွေစေ ကြ၏။-
Jeremiah 31:9သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''