ရှင်လုကာခရစ်ဝင် 8:14
ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 13:22ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။-
Luke 8:7အချို့မျိုးစေ့များသည်ဆူးတောတွင်ကျ၏။ ဆူးပင် များသည်အပင်ငယ်များနှင့်အတူကြီးထွားလာ ပြီးလျှင်ထိုအပင်ငယ်တို့ကိုလွှမ်းမိုးသွား၏။-
Luke 16:13``အဘယ်အစေခံမျှသခင်နှစ်ဦး၏အစေ ကိုမခံနိုင်။ သူသည်သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ တစ်ဦးကိုသစ္စာရှိ၍တစ်ဦး ကိုမလေးမခန့်ပြုမည်။ သင်တို့သည်တစ်ချိန် တည်းမှာပင်ဘုရားသခင်၏အစေနှင့်လောက စည်းစိမ်ချမ်းသာ၏အစေကိုမခံနိုင်ကြ'' ဟုမိန့်တော်မူ၏။
Luke 18:24ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။-
John 15:6ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-
1 Timothy 6:17လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူတို့အား မာန်မာနမထားကြရန်သတိပေးလော့။ သူတို့သည်မတည်မြဲသည့်စည်းစိမ်ချမ်း သာကိုမမျှော်ကိုးဘဲ၊ ငါတို့ခံစားနိုင်စေ ရန်ခပ်သိမ်းသောအရာတို့ကိုရက်ရောစွာ ပေးတော်မူသောဘုရားသခင်အားမျှော် ကိုးရကြမည်။-