ရှင်လုကာခရစ်ဝင် 8:32
ထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 22:22ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
Job 1:12ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
Psalms 62:11ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
Isaiah 66:3လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
Mark 5:11ထိုအချိန်၌တောင်ကုန်းအနီးတွင်ဝက်အုပ် ကြီးကျက်စားလျက်ရှိ၏။-
1 John 4:4သားသမီးတို့၊ သင်တို့သည်ဘုရားသခင် ၏ဘက်တော်သားများဖြစ်၍မိစ္ဆာပရောဖက် များကိုအနိုင်ရခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော်သင်တို့တွင်ကျိန်းဝပ်တော်မူသော ဝိညာဉ်တော်သည်လောကသားတို့တွင်ကိန်း ဝပ်သောဝိညာဉ်ထက်ကြီးမြတ်တော်မူသော ကြောင့်တည်း။-