ရှင်လုကာခရစ်ဝင် 9:43
လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊-
Common Language Bible
In The King James Version
In Context
Cross References
Psalms 139:14ကိုယ်တော်သည်ကြောက်ရွံ့ဖွယ်ကောင်းသောအရှင် ဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသောအမှု အရာတို့သည် ထူးဆန်းအံ့သြဖွယ်ကောင်းကြောင်းကျွန်တော်မျိုး အသေအချာသိပါ၏။
Matthew 17:22ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။-
Mark 9:30ကိုယ်တော်နှင့်တပည့်တော်တို့သည်ထိုအရပ်မှ ထွက်ခွာကြပြီးလျှင် ဂါလိလဲပြည်ကိုဖြတ် သွားကြ၏။ ယင်းသို့ဖြတ်သွားကြောင်းကိုကိုယ် တော်သည်မည်သူ့အားမျှသိစေတော်မမူလို။-
Luke 5:9ရှိမုန်နှင့်တကွပါလာသူအပေါင်းတို့သည် မိမိ တို့ဖမ်းမိသောငါးအရေအတွက်ကိုကြည့်၍ တအံ့တသြဖြစ်ကြ၏။-
Luke 8:25ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်း မရှိကြသလော'' ဟုတပည့်တော်တို့အား မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများကို ပင်အမိန့်ပေး၍သူတို့သည်လိုက်နာကြပါ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
Acts 3:10ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။