ရှင်မာကုခရစ်ဝင် 1:2
ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
Common Language Bible
In The King James Version
In Context
1ဘုရားသခင်၏သားတော်ယေရှုခရစ်အကြောင်း သတင်းကောင်းစတင်ပုံကိုဖော်ပြပါအံ့။-
Cross References
Malachi 3:1အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
Matthew 3:1ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
Matthew 26:24ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
Luke 1:15သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
Luke 1:76အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
Luke 7:27ကျမ်းစာတော်တွင် `နားထောင်လော့၊ သင်၏လမ်း ကိုအသင့်ဖြစ်စေရန် ငါ၏စေတမန်ကိုသင့် အလျင်စေလွှတ်မည်' ဟုဖော်ပြထား၏။ ယောဟန်ကားထိုစေတမန်ပင်ဖြစ်၏။-