ရှင်မာကုခရစ်ဝင် 1:21
ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 4:23ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
Mark 2:1ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။-
Mark 10:1ထိုနောက်ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော် မူ၍ ယုဒပြည်သို့ကြွတော်မူပြီးလျှင်ယော်ဒန် မြစ်ကိုကူးတော်မူ၏။ လူပရိသတ်တို့သည်အထံ တော်သို့တစ်ဖန်လာရောက်စုရုံးကြပြန်၏။ ကိုယ်တော် သည်အလေ့တော်ရှိသည့်အတိုင်းသူတို့အားဟော ပြောသွန်သင်တော်မူ၏။
Luke 4:31ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။-
Luke 13:10ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်ဟောပြောသွန် သင်လျက်နေတော်မူရာ တရားဇရပ်တွင်တစ် ဆယ့်ရှစ်နှစ်ပတ်လုံးနတ်မိစ္ဆာပူးဝင်သဖြင့် မသန်မစွမ်းဖြစ်လျက်နေသောအမျိုးသမီး တစ်ယောက်ရှိ၏။ သူသည်ကျောကုန်း၍မိမိ ၏ခါးကိုလုံးဝမဆန့်နိုင်။-
Acts 17:2ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-