ရှင်မာကုခရစ်ဝင် 1:22
ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။
Common Language Bible
In The King James Version
In Context
23ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
Cross References
Jeremiah 23:29ငါ၏ဗျာဒိတ်တော်သည်မီးနှင့်တူ၍ကျောက် ကိုထုခွဲနိုင်သည့်တူနှင့်တူ၏။-
Matthew 13:54မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။-
Mark 7:3(ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။-
Luke 21:15အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
Acts 6:10သို့ရာတွင်သတေဖန်သည်ဝိညာဉ်တော်ချပေး သည့်အသိပညာနှင့်ပြောဆိုသဖြင့် ထိုသူ တို့သည်သူ့အားချေပနိုင်စွမ်းမရှိကြ။-
2 Corinthians 4:2ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-