ရှင်မာကုခရစ်ဝင် 1:24
ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
Common Language Bible
In The King James Version
In Context
23ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
25သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။-
Cross References
Exodus 14:12အကျွန်ုပ်တို့သည်ထွက်မလာမီက ဤကဲ့ သို့ဖြစ်မည်ဟုပြောခဲ့သည်မဟုတ်ပါလော။ အကျွန်ုပ်တို့က`အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံမြဲကျွန်ခံနေပါရစေ' ဟုပြောပါ သည်။ ဤတောကန္တာရထဲ၌သေရသည်ထက် ကျွန်ခံနေရခြင်းကသာ၍ကောင်းပါသည်'' ဟုပြောလေ၏။
Psalms 89:18အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကွယ်ကာသောသူကိုရွေးချယ်ပေးတော် မူပါ၏။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အတွက် ရှင်ဘုရင်ကိုခန့်ထားပေးတော်မူပါ၏။
Matthew 2:23နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။
Luke 4:34ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။
Luke 8:37ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-