ရှင်မာကုခရစ်ဝင် 1:27
လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
Common Language Bible
In The King James Version
In Context
26ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။-
Cross References
Matthew 12:22နတ်မိစ္ဆာပူးဝင်နေသဖြင့်မျက်စိမမြင်၊ ဆွံ့အ နေသူလူတစ်ယောက်ကို လူအချို့တို့သည်အထံ တော်သို့ခေါ်ခဲ့ကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာကို နှင်ထုတ်တော်မူသဖြင့် ထိုသူသည်မျက်စိမြင် လာပြီးလျှင်စကားပြောလေ၏။-
Mark 7:37ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။
Mark 10:32သူတို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက်နေ ကြစဉ် ကိုယ်တော်သည်တပည့်တော်တို့၏ရှေ့က ကြွတော်မူ၏။ ထိုအခါတပည့်တော်တို့သည် ထိတ်လန့်လျက်ရှိကြ၏။ နောက်တော်မှလိုက်လာ သောလူတို့သည်လည်း ကြောက်လန့်လျက်ရှိကြ၏။ ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ဦးကို မလှမ်းမကမ်းသို့တစ်ဖန်ခေါ်သွားတော်မူပြီး လျှင် မိမိတွေ့ကြုံရမည့်အမှုအရာများကို ဖော်ပြတော်မူ၏။-
Luke 9:1သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-