The Bible Software
bible.software › ရှင်မာကုခရစ်ဝင် › ရှင်မာကုခရစ်ဝင် 8 › ရှင်မာကုခရစ်ဝင် 8:31

ရှင်မာကုခရစ်ဝင် 8:31

ကိုယ်​တော်​က ``လူ​သား​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ သည်​လူ​သား​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ သူ​သည် အ​သတ်​ခံ​ရ​မည်။ သို့​သော်​အ​သတ်​ခံ​ရ​ပြီး​နောက် သုံး​ရက်​ကြာ​သော်​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​၏။-

Common Language Bible

In The King James Version

And he began to teach them, that the Son of man must suffer many things, and be rejected of the elders, and of the chief priests, and scribes, and be killed, and after three days rise again.

In Context

30ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​မည်​သူ​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်'' ဟု​တ​ပည့်​တော် တို့​အား​ပညတ်​တော်​မူ​၏။

32ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။-

Read all of ရှင်မာကုခရစ်ဝင် 8

Cross References

1 Samuel 10:19ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''

Isaiah 53:3ငါ​တို့​သည်​သူ့​အား​စက်​ဆုတ်​ရွံ​ရှာ​၍​ပစ်​ပယ် ထား​ကြ​၏။ သူ​သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။ သူ့​ကို​လှည့်​၍​ပင်​ကြည့်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။ ငါ​တို့​သည်​သူ့​အား​တန်​ဖိုး​မဲ့​သူ​အ​လား လျစ်​လူ​ရှု​၍​ထား​ကြ​၏။

Jonah 1:17ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။

Matthew 16:21သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။

Matthew 20:17သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော် မူ​စဉ်​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို​မ​လှမ်း မ​ကမ်း​သို့​သီး​ခြား​ခေါ်​တော်​မူ​ပြီး​လျှင်၊-

Mark 9:31အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မာကုခရစ်ဝင် 8:31

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်မာကုခရစ်ဝင် 8:30ရှင်မာကုခရစ်ဝင် 8ရှင်မာကုခရစ်ဝင် 8:32 →