ရှင်မာကုခရစ်ဝင် 11:23
အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
22သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။-
Read all of ရှင်မာကုခရစ်ဝင် 11
Cross References
Matthew 14:13ဤသတင်းကိုသခင်ယေရှုကြားတော်မူလျှင် ထိုအရပ်မှတစ်ကိုယ်တည်းဆိတ်ကွယ်ရာအရပ် သို့လှေဖြင့်ကြွတော်မူ၏။ အမြို့မြို့မှလူပရိ သတ်တို့သည်လည်းကိုယ်တော်ထွက်ကြွတော်မူ ကြောင်းကြားကြလျှင်နောက်တော်သို့ကုန်းကြောင်း ဖြင့်လိုက်ကြ၏။-
Matthew 21:21သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည်သံသယကင်း သောယုံကြည်ခြင်းရှိလျှင်သင်္ဘောသဖန်းပင် ကိုငါပြုသကဲ့သို့ပြုနိုင်လိမ့်မည်။ ထိုမျှမက ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ်ထဲ သို့သက်ဆင်းလော့' ဟုဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-
John 14:13သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
Romans 4:18အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။-
Hebrews 11:17အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။-