ရှင်မာကုခရစ်ဝင် 11:32
သို့ရာတွင်လူတို့၏အခွင့်အာဏာအရဟုငါ တို့ဆိုမည်လော'' ဟုအချင်းချင်းဆွေးနွေးကြ၏။ (သူတို့သည်လူပရိသတ်ကိုကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ဟုယုံကြည်ကြသော ကြောင့်တည်း။)-
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 11
Cross References
Matthew 3:5ယေရုရှလင်မြို့သူမြို့သားတို့သည်လည်းကောင်း၊ ယုဒပြည်တစ်ပြည်လုံးနှင့်ယော်ဒန်မြစ်ဝှမ်းဒေသ မှလူအပေါင်းတို့သည်လည်းကောင်းယောဟန်ထံ သို့လာကြ၏။-
Matthew 14:5ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။
Matthew 21:46ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
Mark 12:12ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။
Luke 20:6သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
Luke 22:2ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။