The Bible Software
bible.software › ရှင်မာကုခရစ်ဝင် › ရှင်မာကုခရစ်ဝင် 12 › ရှင်မာကုခရစ်ဝင် 12:14

ရှင်မာကုခရစ်ဝင် 12:14

ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။

Common Language Bible

In The King James Version

And when they were come, they say unto him, Master, we know that thou art true, and carest for no man: for thou regardest not the person of men, but teachest the way of God in truth: Is it lawful to give tribute to Caesar, or not?

In Context

13ထို​နောက်​သူ​တို့​သည်​ဖာ​ရိ​ရှဲ​အ​ချို့​နှင့် ဟေ​ရုဒ် ပါ​တီ​ဝင်​အ​ချို့​တို့​ကို​အ​ထံ​တော်​သို့​စေ​လွှတ် ကြ​၏။-

15ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​ကြောင့် အ​ပြစ်​ရှာ​လို​ကြ​သ​နည်း။ ဒင်္ဂါး​တစ်​ပြား​ကို​ငါ ကြည့်​ဖို့​ယူ​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

Read all of ရှင်မာကုခရစ်ဝင် 12

Cross References

Exodus 23:2လူ​များ​စု​နောက်​သို့​လိုက်​၍​မ​တ​ရား​သ​ဖြင့် မ​ပြု​နှင့်။ လူ​များ​စု​နောက်​သို့​လိုက်​၍​တ​ရား မျှ​တ​မှု​ကို​ဖောက်​ပြန်​စေ​ရန်​မ​တ​ရား​သော သက်​သေ​ကို​လည်း​မ​ခံ​နှင့်။-

Deuteronomy 33:9သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကို ချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို လိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။

2 Chronicles 19:7ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​သ​တိ နှင့်​ဆောင်​ရွက်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​ကောက်​ကျစ်​မှု၊ လူ​မျက်​နှာ​ကို​ထောက် မှု၊ တံ​စိုး​လက်​ဆောင်​စား​မှု​တို့​ကို​ခွင့်​ပြု​တော် မ​မူ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Nehemiah 9:37အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကို အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။''

Psalms 55:21သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။ သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။

Proverbs 26:23ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မာကုခရစ်ဝင် 12:14

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်မာကုခရစ်ဝင် 12:13ရှင်မာကုခရစ်ဝင် 12ရှင်မာကုခရစ်ဝင် 12:15 →