ရှင်မာကုခရစ်ဝင် 13:19
လောကကိုဘုရားသခင်ဖန်ဆင်းတော်မူချိန် မှစ၍ အဘယ်ကာလ၌မျှဤဆင်းရဲဒုက္ခမျိုးကို လူတို့မကြုံစဖူး။ နောင်ကာလ၌လည်းတွေ့ကြုံ ရကြလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
18ထိုနေ့ရက်များသည်ဆောင်းဥတု၌မကျ ရောက်ပါစေနှင့်ဟုဆုတောင်းကြလော့။-
Read all of ရှင်မာကုခရစ်ဝင် 13
Cross References
Deuteronomy 4:32``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-
Deuteronomy 29:22``နောင်အခါ၌သင်တို့၏နောင်လာနောက် သားများနှင့် ရပ်ဝေးတိုင်းနိုင်ငံများမှလူ မျိုးခြားတို့သည် သင်တို့ပြည်၌ထာဝရ ဘုရားကျရောက်စေတော်မူသောဘေးဒဏ် များနှင့် ဆင်းရဲဒုက္ခများကိုမြင်ရကြလိမ့် မည်။-
Lamentations 1:12သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
Lamentations 4:6ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
Daniel 9:26ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
Joel 2:2ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။