ရှင်မာကုခရစ်ဝင် 14:25
သင်တို့အားငါဆိုသည်ကားဘုရားသခင်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်ကိုသောက်ရသည့် နေ့မတိုင်မီ ငါသည်ဤစပျစ်ရည်ကိုနောက်တစ် ဖန်သောက်တော့မည်မဟုတ်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Joel 3:18ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။
Zechariah 9:17ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။
Luke 22:16သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။